မင်းကွန်း သံဝေဂအလင်္ကာများ
မင်းကွန်းဆရာတော်ကြီး၏ သံဝေဂအလင်္ကာများ (၂၆)
၁။
ရုပ်နာမ်ဓမ္မ သင်္ခါရတို့
ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ သူတနဲဖြင့်
ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု မျှော်ထောက်ရှူ၍
ယခုပင်လျင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ သေပိမ့်ငါဟု
သတ္တဝါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျင်
တစက်ကမျှ မရှိကြဘူး။
ဘုရားစကား လိုက်နာပွါးသည်
တရားလက်မလွတ်ကြစေနှင့် ။
(အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ)
Comments
Post a Comment